Tuesday, March 1, 2016

ချစ်သူကိုသ၀န်မတိုပဲ ဘာကြောင့်နားလည်ပေးသင့်တာလဲ

အေးဆေးပေါ့။ ဒီစကားက ကာယကံရှင်အတွက် သက်ရောက်မှုတော့ ရှိချင်မှ ရှိပါလိမ့်မယ်။ ကာယကံရှင်နေရာက ၀င်ခံစားကြည့်ပါလားလို့လည်း အပြောခံချင်ခံရနိုင်ပါတယ်။ ဒါပေမယ့် အေးဆေးစဉ်းစားကြည့်ပါဦး။ သင့်ချစ်သူနဲ့ သူ့သူငယ်ချင်းကောင်မလေးနဲ့ ရှိနေချိန် သင်ရောက်သွားတဲ့အခါ ထူးဆန်းတဲ့အပြုအမူတွေ တွေ့ဖူးလို့လား။ သူတို့နှစ်ယောက် ခိုးကြောင်ခိုးဝှက် လုပ်နေတာမျိုးတွေ သင်သိထားလို့လား။ ဒီလိုအချက်မျိုးတွေ မရှိပဲ သင်က နေရင်းထိုင်ရင်း သ၀န်တိုနေမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ဒေါသနဲ့ကိုယ်လို့ ပြောရတော့မှာပါပဲ။

နောက်တစ်ချက် သင်သိထားရမှာက ယောင်္ကျားတွေဟာ တစ်ချိန်လုံး လိင်ကိစ္စတွေချည်းပဲ လုပ်ဆောင်နေတာမျိုးတော့ မဟုတ်တဲ့အတွက် သင့်မှာ ယောင်္ကျားလေးသူငယ်ချင်းရှိသလို သူတို့မှာလည်း သာမာန်မိန်းကလေး သူငယ်ချင်းတော့ ရှိနိုင်ပါတယ်။ ပြောချင်တာကတော့ ကိုယ့်ချစ်သူကောင်လေးနဲ့ သူ့မိန်းကလေး သူငယ်ချင်းနဲ့ ပတ်သက်ပြီး တစ်ချိန်လုံး စိတ်ပူနေဖို့တော့ မလိုပါဘူး။

တစ်ခါတစ်လေ ခုဘယ်မှာလဲလို့ မေးလိုက်လို့ သူက ဘယ်မှာရှိတယ်ဆိုတာလည်း မပြော၊ နေရာကို သိုဝှက်ထားတာမျိုးကို သင်ကိုယ်တိုင်လိုက်ရှာတာမျိုးကတော့ သင့်သဘောအတိုင်းလုပ်ဆောင်နိုင်ပါတယ်။ ဒီလိုသိုဝှက်ထား တာမျိုးကတော့ ဆိုးတာပေါ့လေ။ ဒါပေမယ့် ဘယ်မှာရှိတယ် ဆိုတာလည်း ချစ်သူကပြောတယ်။ ဘယ်သူနဲ့ရှိတယ်ဆိုတာမျိုးကိုလည်း ပြောတယ်။ သင်လာချင်ရင် လာနိုင်တယ်လို့လည်း ပြောထားတာကို သင့်ဘက်က စိတ်တိုနေမယ်၊ သ၀န်တွေစွတ်တိုနေမယ်ဆိုရင်တော့ သင်ပဲ ပင်ပန်းနေပါလိမ့်မယ်။ သူငယ်ချင်းတွေ တစ်ခါဆုံတိုင်း သင့်ဘက်က နားလည်မှုမပေးနိုင်ဘူးဆိုရင် သူကလည်း သင့်ကိုနောက်ပိုင်း ပြသနာတက်မခံတော့ပဲ သူဘယ်သွားတယ်ဆိုတာ လျှို့ဝှက်တာမျိုးတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ပြောချင်တာက လိုက်ပြီး အရမ်းသ၀န်တိုမပြဖို့ပါ။

အမှန်တကယ်ဆို သင့်ချစ်သူရဲ့ သူငယ်ချင်းကို အပိုင်ပေါင်းထားပြီး သင့်သူငယ်ချင်းတောင် လုပ်လိုက်လို့ရပါတယ်။ ဒီလိုဆိုရင် သူက အလယ်ကနေ တစ်ခုခု ပြသနာတက်ရင် ၀င်ဖြန်ဖြေပေးတာမျိုး သင့်ဘက်က ပြောဆိုပေးတာမျိုးတွေ လုပ်လာပါလိမ့်မယ်။ သူကိုယ်တိုင်က မိန်းမသားဖြစ်တဲ့အတွက် သင့်ဘက်က ပိုနေပြီး ပြောပေးဖို့သာ များပါတယ်။

ဒီတော့ သ၀န်တိုတတ်တယ်ဆိုရင်လည်း ချစ်သူကို ကောင်းကောင်းမွန်မွန် ဖွင့်ပြောပါ။ သူနဲ့အတူ သုံးယောက်သား အပြင်သွားပြီး တစ်ဖက်အမျိုးသမီးရဲ့ စိတ်နေစိတ်ထားကို သုံးသပ်ပါ။ စိတ်ပူစရာရှိနေတယ်လို့ ခံစားမိရင်တော့ သင့်ချစ်သူကို ဖွင့်ပြောလိုက်ပေါ့။ အဲ့ဒီလို မဟုတ်ရင်တော့ ဒီအတိုင်းဆက်သွားဖို့သာ ကြိုးစားပါ။

Credit : Trend Myanmar
A Say Khan

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.