Tuesday, March 1, 2016

မိန်းကလေးတွေရဲ့ချစ်ခြင်းသီအိုရီ်

မိန်းကလေးတွေရဲ့ချစ်စိတ်ဟာ မိခင်စိတ်နဲ့အခြေခံဖွဲ့တည်ထားတယ်လို့ ယုံကြည်ကြပြီး ယောက်ျားလေးအများစုဟာလည်း မိခင်စိတ်ဓာတ်ခံများတဲ့ မိန်းကလေးတွေကို ပိုမိုနှစ်သက်လိုလားကြတယ်လို့ ကြားဖူးပါတယ်။ အများအားဖြင့် မိန်းကလေးတွေနဲ့ယောက်ျားလေးတွေမှာ  မိန်းကလေးတွေက ပိုမိုချစ်တတ်ကြတယ်၊ ကြင်နာတတ်ကြတယ်၊ ပေးဆပ်တတ်ကြတယ်၊ ပိုမိုသတ္တိရှိတတ်ကြတယ်၊ဒါတွေဟာ မွေးရာပါ “မ”သဘာဝမိခင်စိတ်ဓာတ်ခံကြောင့်လို့ပြောကြပေမယ့် ယောကျာင်္းလေးတွေမှာလည်း မတူညီတဲ့ချစ်ခြင်းမေတ္တာအင်အားထုကြီးမားကြတာရှိပါတယ်။

ဒါပေမယ့် ယောက်ျားလေးတွေအပေါ်ထားတဲ့ မိန်းကလေးတွေရဲ့ သဘောထားတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါ။
 မိန်းကလေးတွေမှာ တစ်ချို့က မိမိရဲ့ချစ်သူအပေါ်မှာ မိမိဘဝတစ်ခုလုံးကို ပုံအောချစ်လိုက်တတ်ကြတယ်၊ တစ်ချို့က မိမိဘဝရဲ့တစ်စိတ်တစ်ပိုင်းကိုသာ မြှုပ်နှံပြီး ချစ်တတ်ကြတယ်။ တစ်ချို့ကျပြန်တော့လည်း ဦးနှောက်ကိုအခြေခံပြီး နှလုံးသားကို ရာခိုင်နှုန်းအနည်းငယ်မျထည့်သွင်းကာ ချစ်ခင်တတ်ကြသလို  တစ်ချို့ကျတော့လည်း နှလုံးသားနဲ့ဆက်ဆံပေမယ့် နှလုံးသားတစ်ခုလုံးကို မမြှုပ်နှံတတ်တဲ့ မိန်းကလေးတွေလည်း ရှိကြပြန်တယ်။

တစ်ချို့မိန်းကလေးတွေ မိမိချစ်သူတို့နဲ့ ပြတ်စဲကြရတဲ့အခါ နလန်မထူနိုင်အောင် ခံစားကြရသူတွေရှိပြီး တစ်ချို့က ကြံ့ကြံ့ခံရပ်တည်နိုင်တာတွေရှိကြပါတယ်။ ဒါတွေက ဘယ်အရာပေါ်မှာ အခြေခံသွားသလဲဆိုတော့ မိန်းကလေးတွေရဲ့ မိမိရဲ့ချစ်သူအပေါ် ပုံအောယုံကြည်ခြင်းအပေါ်မှာ ကွာသွားပါတယ်။ ချစ်သူအပေါ်မှာ ယုံကြည်စွာချစ်နိုင်ပါတယ်။ ဒါပေမယ့် မိမိအတွက် နေရာလေးတစ်နေရာလေးတော့ ချန်ထားသင့်တာတော့အမှန်ပါ။ လူဆိုတာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ သဘာဝရှိရာ မမြင်နိုင်တဲ့ကံတရားအတွက် မိမိရဲ့နှလုံးသားတစ်နေရာကိုတော့ အရေးကြုံလာရင် နလန်ထူနိုင်ဖို့ ချန်လှပ်ထားသင့်ပါတယ်။ ပြီးတော့ ချစ်သူရှိလာပြီဆိုရင်ဖြင့် မိမိရဲ့စိတ်ကိုပြင်ဆင်ထား နိုင်ရင် အကောင်းဆုံးပါ။

မိန်းကလေးတို့သဘာဝ ချစ်သူရဲ့ ချစ်ခင်ယုယမှုကိုရရှိခဲ့ရင် ပျော်ရွှင်နိုင်ပေမယ့် မထင်မှတ်ထားတဲ့ ချစ်သူရဲ့စိမ်းကားမှု၊လျစ်လျူရှုမှုတို့ကြုံလာခဲ့ရင်လည်း အဖြေရှာရင်ဆိုင်နိုင်ဖို့ သတ္တိစွမ်အားတစ်ခုလိုပါတယ်။ ဒါမှသာ ချစ်ခြင်းရဲ့လွှမ်းမိုးမှုအောက်က ရုန်းထွက်နိုင်သလို  လိုရာခရီးကိုဆက်လက်နိုင်မှာဖြစ်ပါတယ်။ ချစ်သူရဲ့ ရက်စက်စိမ်းကားမှုကြုံရတဲ့အခါ ခံနိုင်ရည်မရှိဘဲ ဘဝကိုလက်လျော့သွားကြတဲ့ မိန်းကလေးတွေဟာ ချစ်သူအပေါ် ပုံအောယုံကြည်ခြင်းနဲ့ ပြင်ဆင်မှုအားနည်းခြင်းကြောင့်ဘဲဖြစ်ပါတယ်။
 ကြီးမားကျယ်ပြန့်တဲ့မိခင်လိုမျိုး နှလုံးသားနဲ့ ချစ်ခင်တတ်ကြတဲ့မိန်းကလေးတွေကတော့ သူမရဲ့နှလုံးသားတစ်ခုလုံးကို ပုံအောခြင်းတော့မရှိကြပါ။  သူမအတွက် ချစ်သူဟာ မရှိမဖြစ်မဟုတ်ပါ။ ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ယုယကြင်နာခြင်းမျိုးနဲ့ချစ်ခင်ပေးတတ်ကြပါတယ်။

မိမိချစ်သူက အချိန်မရွေးစွန့်ခွာသွားခဲ့ရင် အပြုံးမပျက်လှပစွာ ရပ်တည်မယ်ဆိုတဲ့ခံယူချက်နဲ့ ချစ်တတ်တာဟာ သူမရဲ့ခိုင်မာတဲ့ သီအိုရီတစ်မျိုးဘဲဖြစ်ပါတယ်။ ဒါကို နှလုံးသားနဲ့ဆက်ဆံပေမယ့် မိမိရဲ့နှလုံးသားကို လုံခြုံအောင် စောင့်ရှောက်နိုင်ခြင်းလို့ သတ်မှတ်လို့ရပါတယ်
ဒီလိုမတူညီမှုတွေထဲမှာ မိန်းကလေးတွေအနေနဲ့ လက်ကိုင်ထားသင့်တာလေးကတော့ ချစ်သူအပေါ်အပြည့်အဝချစ်ခင်မှုပေးနိုင်ပေမယ့် မိမိရဲ့နှလုံးသားလေးကိုတော့ လုံခြုံအောင်စောင့်ရှောက်နိုင်ခြင်းဆိုတဲ့ သီအိုရီလေးဘဲဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေထဲမှာ စိတ်နှလုံးထိခိုက်ပျက်စီးခြင်းက အဆိုးဆုံးဖြစ်ရာ မိန်းကလေးများ မိမိတို့နှလုံးသားလေးကို မနာကျင်ရအောင် စောင့်ရှောက်ရင်း ချစ်တတ်ကြစေဖို့ဖော်ပြပေးလိုက်ပါတယ်။

Credit – Yangon Life

A Say Khan

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.