Sunday, February 28, 2016

မလိုချင်ပါဘူး

မလိုချင် ပါဘူး...
တခြားသူတွေနဲ့ ယှဉ်လုမှ ရမဲ့ချစ်သူမျိုး။
မလိုချင် ပါဘူး...
ကိုယ့်သိက္ခာကို ချနင်း ငိုယိုခယမှ ခွင့်လွှတ်ပေးတဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
လမ်းခွဲပြီးမှ တန်ဖိုးသိတဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
အစစ အရာရာ စိတ်မချရဘဲ သဝန်တိုပူပန်နေရမဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
တန်ဖိုးကြီးလက်ဆောင်တွေ ပေးမှ ကြည်ဖြူတတ်တဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး....
အလန်းဇယား ပြင် ဆင် ခြယ်သထားမှ သ ဘောကျတတ်တဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
ငွေကို ရေလိုသုံးပြမှ အထင်ကြီးတတ်တဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
တခြားသူက ဂရုစိုက်မှ နောင် တရတတ်တဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး....
လာအီသမျှကို ပြန်ရောတတ်တဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး…
သာရာမြင့်ရာ ကူးတတ်တဲ့ ချစ်သူမျိုး
မလိုချင် ပါဘူး...
မိဘအသိုင်းဝိုင်း ခြယ်လှယ်သမျှ ကုန်းခံနေတဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး....
သူ့ရဲ့ ဂုဏ်အတွက် ကိုယ်နဲ့ တွဲတဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
ကိုယ်နဲ့တွဲတာ လူသိမခံရဲတဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး....
ထစ်ခနဲရှိ အော်ငေါက်တတ်တဲ့ ချစ်သူမျိုး။
မလိုချင် ပါဘူး...
တမင် တကာ ဗိုလ်ကျတတ်ပြီး ဂုဏ်ယူတတ်တဲ့ ချစ်သူမျိုး။
ကိုယ် လောဘမကြီးပါဘူး။
ကိုယ့်ရဲ့ နဂိုမူလ ဖြစ်တည်မှုကို မြတ်နိုးစွာ လေးစားတန်ဖိုးထားတဲ့ ချစ်သူမျိုးဆို အသည်းနှလုံးကို အိမ်ထွင်း ချစ်ခြင်းဖြင့်ထုံမွှမ်းအပ်သော မေတ္တာစံအိမ်မှာ အရှင် သခင် အဖြစ် သင့်အားခစား သင်္ခါရတရား ယွင်းမှားတဲ့ နေ့အထိ ကိုးကွယ်ရိုကျိုးပါ့မယ်....။
Credit : စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.