Saturday, February 27, 2016

မိန်းကလေးတွေသဘောကျဖို့

မိန်းကလေးတွေ သဘောကျဖို့ ယောက်ျားတစ်ယောက် တက်ထားသင့်တဲ့ပညာရပ်တွေများစွာရှိပါတယ်။ သူတို့နှုတ်ကဖွင့်ဟပြောဆိုခြင်းမရှိရင်တောင် စိတ်ထဲက နှစ်သက်သဘောကျအမှတ်ပေးနေတာတွေလည်းရှိနေနိုင်ပါတယ်။ယနေ့ခေတ်လို နည်းပညာတွေတိုးတက်လာတဲ့အချိန်မှာ အချိန်တွေကို အကျိုးမဲ့ဖြန်းတီးပစ်မဲ့အစား မိမိအတွက်အသုံးဝင်တဲ့ ပညာရပ်တွေကိုလေ့လာဆည်းပူးသင်ယူသင့်ပါတယ်။ ဘာမှမသိဘာမှမတက်တဲ့ယောင်္ကျားလေးကို ဘယ်မိန်းကလေးမှလည်းစိတ်ဝင်စားမှာမဟုတ်ပါဘူး။ဒါ့ကြောင့် မိမိအတွက်လိုအပ်တဲ့ပညာတွေကို လေ့လာသင်ယူကြရအောင်။
-ကားမောင်းသင်ပါ။
          ကားမောင်းတက်တဲ့ယောင်္ကျားလေးတွေကို မိန်းကလေးတွေအများစုကနှစ်သက်ကြတယ်။အထူးသဖြင့် သူတို့လိုရာကို အချိန်တိုတွင်းရအောင်ဖန်တီးပေးနိုင်သူဟာ သူတို့အိမ်မက်ထဲက မင်းသားလေးပါပဲ။မိန်းကလေးတစ်ယောက်အတွက်မဟုတ်တောင် ယနေ့ခေတ်မှာတော့ ကားမောင်းတက်မှခေတ်မှီမယ်လို့ပဲဆိုရပါမယ်။
-ရေကူးသင်ပါ။
          ရေကူးခြင်းက ကျန်းမာရေးအတွက်ကော ၊ ခန္ဓာကိုယ်လှပမှုအတွက်ပါများစွာအထောက်အကူပြုပါတယ်။ရေကူးတက်တဲ့ယောင်္ကျားလေးတွေကို မိန်းကလေးအများစုကသဘောကျကြတယ်။သူတို့အတွက် လုံခြုံမှုရှိမယ်လို့လည်းပိုမိုယူဆနိုင်ပါတယ်။အားလပ်ချိန်မှာရေကူးတက်အောင် သင်ပြီး ဘယ်နေရာသွားသွား မိမိကိုယ်မိမိ ယုံကြည်မှုတိုးပွားလာနိုင်ပါတယ်။
 
-ဘာသာစကားတစ်ခုသင်ယူပါ။
          အင်္ဂလိပ်ဘာသာဟာယနေ့ခေတ်အတွက် မရှိမဖြစ်လေ့လာသင်ယူရမဲ့ဘာသာပါ။ကျွမ်းကျင်အဆင့်မဟုတ်တောင် နားလည်ပြီးပြန်ပြောနိုင်တယ်ဆို သင့်အတွက်အဆင်ပြေစေနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ နိုင်ငံခြားသားတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်တယ်ဆိုရင်တော့ သင်ရဲ့လုပ်ငန်းအတွက်ကော ဆွဲဆောင်မှုအတွက်ပါ အကျိုးထူးစေမှာပါ။ဒါ့ကြောင့် အင်္ဂလိပ်လိုပြောတက်ဖို့ အရေးကြီးပါတယ်။
 
-ကိုယ်ခံပညာတစ်ခုသင်ပါ။
          မိမိကိုယ်ကိုကာကွယ်ဖို့၊ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်သာမက အမှန်တကယ်ရဲရင့်တဲ့ယောင်္ကျား တစ်ယောက်ဖြစ်ဖို့ကတော့ ကိုယ်ခံပညာတစ်ခုကိုတက်အောင်သင်ထားသင့်ပါတယ်။ သူတစ်ပါးကိုတိုက်ခိုက်ဖို့မဟုတ်ပဲ မိမိကိုယ်မိမိယုံကြည်မှုတိုးပွားပြီး ကြံ့ခိုင်နေစေဖို့ ကိုယ်ခံပညာက အထောက်အကူပြုပါတယ်။
 
-IT နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေ့လာပါ။
          IT ခေတ်မှာ IT နဲ့ပတ်သက်တာတွေ မသိရင် သင်ခေတ်နောက်ကျသွားနိုင်ပါတယ်။ ခေတ်မမှီတဲ့အမျိုးသားတစ်ယောက်က မိန်းကလေးအများစုကိုသဘောကျနစ်သက်အောင်လုပ်နိုင်ဖို့ခဲယဉ်းပါတယ်။အများကြီးတက်သိထားဖို့မဟုတ်တောင် မိမိအသုံးပြုနေတဲ့ နည်းပညာပစ္စည်းတွေကိုတော့ ကျွမ်းကျွမ်းကျင်ကျင် သိနားလည်ထားသင့်ပါတယ်။
 
-တူရိယာတစ်ခုခုတီးတက်ပါစေ။
          သံစဉ်တွေက နှလုံးသားကို နူးညံစေတယ်။ သံစဉ်တွေကို ဖန်တီးပြီး သင်နှစ်သက်တဲ့မိန်းကလေးရဲ့နှလုံးသားကို ညို့ယူဖမ်းစားနိုင်ဖို့ တူရိယာတစ်ခုခုကို ကောင်းမွန်စွာတီးတက်သင့်ပါတယ်။ ဥပမာအနေနဲ့ ဂစ်တာလေးတီးပြီးသီဆိုပြနိုင်တဲ့စွမ်းရည်မျိုးကို မိန်းကလေးအများစုက သူတို့နှစ်သက်တဲ့သူတွေဆီမှာရှိစေချင်ကြပါတယ်။
 
-စီးပွားရေးနဲ့ပတ်သက်တာတွေလေ့လာထားပါ။
          စီးပွားရေးနဲ့ပတ်သက်ပြီး ဘာမှမလေ့လာမမှတ်သားဘူးဆိုရင်တော့ ဒီတစ်သက်သင်သူဌေးတစ်ယောက်ဖြစ်ဖို့ခဲယဉ်းပါတယ်။ ဘယ်လောက်ရုပ်ချောမောနေပါစေ။ငွေမရှာနိုင်တဲ့ယောင်္ကျားတစ်ယောက်ကို မိန်းကလေးတွေက အချိန်ကြာကြီးနှစ်သက်မြတ်နိုးဖို့ဆိုတာခဲယဉ်းပါတယ်။ ယနေ့ခေတ်မှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ငွေရှာကောင်းသူတွေကပဲ လူအများရဲ့ရှေ့ကိုရောက်နေနိုင်ပါတယ်။
 
-အားကစားတစ်ခုခုကို ပုံမှန်ကစားပါ။
          အားကစားမလုပ်ထားတဲ့ ခန္ဓာကိုယ်နဲ့ ပုံမှန်အားကစားလုပ်တဲ့ ခန္ဓာကိုယ်က ဖွဲ့စည်းတည်ဆောက်ပုံခြင်း ၊ဆွဲဆောင်မှုရှိပုံခြင်း ကွဲပြားခြားနားပါတယ်။ ကိုယ်နှစ်သက်တဲ့အားကစားတစ်ခုကို ပုံမှန်အချိန်ပေးကစားရင် ကျန်းမာရေးအတွက်ပါများစွာအထောက်အကူပြုနိုင်ပါတယ်။ ဥပမာ နေ့စဉ်ပုံမှန် GYMကစားမယ်ဆိုရင်တော့ သင့်ဟာ မိန်းကလေးအများစုရဲ့ လိုလားတောင်းတတဲ့ခန္ဓာကိုယ်မျိုးရရှိဖို့သေချာနေပါတယ်။

Credit - လင်းမိုးစက်

နေပြည်​​တော်​သား​လေး(နည်းပညာ)
http://npttharrlayblog.blogspot.com

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.