Wednesday, March 2, 2016

မင်းအတွက်ချစ်တဲ့ အချစ်

အချစ်ဆိုတာ 
ရယူပိုင်ဆိုင်ခြင်းတော့မဟုတ်တာသေချာတယ်
ဒါဆိုရင် စွန့်လွှတ်ခြင်းများလား
ကျွန်တော်ကတော့ အချစ်ဆိုတာ
ချစ်နေဖို့ပဲလိုတယ်လို့ ထင်ပါတယ် .... တဲ့
စိုင်းစိုင်းက သီချင်းလုပ်ရေးထားတယ် ....
စိုင်းစိုင်းပြောတဲ့ချစ်နေဖို့လိုတယ်ဆိုရာမှာ
ကိုယ်ထပ်ဖြည့်ချင်သေးတယ်ချစ်သူရေ
မင်းလိုအပ်နေသ၍ ကိုယ်ဆက်ချစ်နေပြီး
ကိုယ့်အချစ်တွေအကုန်မင်းဆီပေးထားလိုက်မှာ ..
ဒီအချစ်တွေ မင်းမလိုချင်တော့တဲ့တစ်နေ့
ပွင့်လင်းစွာဖွင့်ဟပြလိုက်ပါ
မင်းအတွက်ပူလောင်စေမယ့် ငါ့အချစ်တွေ
ကိုယ်တိုင်အကုန်ပြန်သိမ်းပြီး
မင်းမမြင်နိုင်မယ့် ငါ့နှလုံးသားတစ်ထောင့်တစ်နေရာမှာ
လုံခြုံအောင်ထုပ်သိမ်းထားပေးပါမယ် ...
နောင်တစ်ချိန်မင်းပြန်လိုလာမယ့် တစ်နေ့အထိပေါ့ ...
တသက်လုံးအတွက် .. ငါ့အချစ်တွေမင်းမလိုတော့ရင်တော့
အဲ့ဒီထုပ်သိမ်းထားတဲ့ အချစ်ထုပ်လေးကို
ငါသေသည်အထိ ငါ့နှလုံးသားမှာပဲ ထားလိုက်တော့မယ် ......

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.