Saturday, February 27, 2016

ထာဝရချစ်နေဖို့

လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အမြင်မတူတာတွေ စိတ်ချင်းမတူညီတာတွေ အခြားသောအားနည်းချက်တွေမြင်ပြီး တစ်ယောက်နဲ့တစ်ယောက်လက်မခံနိုင်တဲ့အနေအထားတစ်ခုကိုရောက်ပြီး ထာဝရဝေးကွာသွားတာတွေ သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့ခံစားနေရမယ်လို့ထင်ပါတယ်။ ကိုယ်တိုင်လည်း စိတ်အလိုမကျတဲ့ အချစ်တစ်ခုကိုရရှိပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေနိုင်ပါတယ်။ တကယ်တမ်းတော့ သူစိမ်းနှစ်ဦးထာဝရပေါင်းစပ်ဖို့ဆိုတာ လွယ်တော့မလွယ်ကူပါဘူး။ သို့သော် အချို့အချက်ကလေးတွေကို သင်သတိထားမိခဲ့မယ် ၊ နားလည်ပြီးပြုပြင်ခဲ့မယ်သာဆို လူတစ်ယောက်အပေါ်ထာဝရချစ်နေနိုင်ဖို့လွယ်ကူနိုင်ပါတယ်။
-လက်တွေ့ကျကျချစ်ပါ
          စိတ်ကူးယဉ်ဆန်တဲ့ အချစ်တွေခဏမေ့ပြီး လက်တွေ့ဘ၀မှာ လက်ရှိအနေထားနဲ့ဖြစ်နိုင်တဲ့ နှစ်ကိုယ်တူအိမ်မက်ကိုမက်ပါ။ မိန်းကလေးအများစုက အပေါ်ယံဟန်ဆောင်မှုတွေမှာ တိမ်ညွှန့်တက်ကြတယ်။ ကိုယ့်ချစ်သူက သူတို့ရဲ့စိတ်ကူးတွေအကောင်အထည်မဖော်ပေးနိုင်တဲ့အခါ အမြင်စောင်းနေတာတွေရှိလာတက်ပါတယ်။ တကယ်တမ်းတော့ သင့်ချစ်သူလမ်းလွဲနေတယ်ဆိုရင်တောင်တည့်မက်ပေးရမှာ သင့်တာဝန်ပါ။ ချစ်သူနှစ်ယောက်စိတ်ကူးတွေရှိသင့်ပင်မဲ့ လက်တွေ့ကျတဲ့ဘ၀မှာ ဘယ်နေရာရောက်ရောက်နှစ်ဦးသားပျော်နေဖို့သိပ်လိုအပ်ပါတယ်။
 
-သူ့အကြိုက်ကိုယ့်အကြိုက်သိပါစေ
          တစ်ဦးနဲ့တစ်ဦး အကြိုက်မတူခဲ့ဘူးဆိုရင်တောင် ဒါဟာသဘာဝဆိုတာသင်လက်ခံဖို့လိုပါတယ်။ အမြင်မတူလို့ အကြိုက်မတူလို့ လမ်းခွဲမယ်ဆိုလည်း ဒီကမ္ဘာမှာသင့်နဲ့ထပ်တူကျဖို့ရာသင်ကလွဲလို့အခြားမရှိနိုင်ပါဘူး။ သူ့အကြိုက်ကိုယ့်အကြိုက်ကိုသိပြီးနှစ်ဦးသားညှိနှိုင်းဖို့က ချစ်သူတိုင်းရဲ့တာဝန်ပါ။အမြင်မတူတာအပြစ်မဟုတ်ပါဘူး မညှိနှိုင်းတာတော့သင့်အပြစ်ပါ။     
 
 
-အားနည်းချက်တွေပြင်ပါ
          အားနည်းချက်တွေအရမ်းများလွန်းရင် ဘယ်သူနဲ့မှအဆင်မပြေနိုင်ပါဘူး။လူတိုင်းအားနည်းချက်တွေကိုယ်စီရှိကြပင်မဲ့လည်း ကိုယ့်ထက်နိမ့်ပါးနေသူ ၊ မပြည့်စုံသူဆို အထင်သေးတက်ကြပါတယ်။ တကယ်သာသင်စိတ်ပြင်းပြခဲ့မယ်ဆို အားနည်းချက်တွေကလည်း အားသာချက်ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကြောင့် သင့်ချစ်သူထားခဲ့တာမျိုးမဖြစ်ဖို့မဖြစ်စေဖို့ သင့်ကိုယ်တိုင် အားနည်းချက်တွေကိုသိပြီး ပြင်ဆင်ဖို့လိုပါတယ်။
 
-အကြင်နာပေးဖို့မမေ့ပါနဲ့
          အထိအတွေ့ဆိုတာအချစ်မဟုတ်ပင်မဲ့ အချစ်ရဲ့ဝိသေသတွေထဲမှာ အထိအတွေ့သဘောတရားတွေကလည်း အရေးပါလှပါတယ်။ ဆန့်ကျင်ဘက်လူနှစ်ယောက်အမြန်ဆုံးရင်းနှီးမှုရဖို့ အနမ်းတွေကလည်း အသက်ဝင်လှပါတယ်။ အချစ်တွေခိုင်မြဲဖို့ ထာဝရချစ်သူနဲ့ပျော်ရွှင်နိုင်ဖို့ သင့်ချစ်သူနဲ့တွေ့တိုင်း အကြင်နာပေးဖို့မမေ့ပါနဲ့။ အဝေးရောက်နေရင်တောင် အမူအယာလေး စကားလေးနဲ့ပေးသင့်ကြောင်းအကြံပေးချင်ပါတယ်။
 
-အချစ်အကြောင်း နေ့စဉ်မက်ဆေ့ပို့ပါ
          နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့စကားအတိုင်းပဲ သင်ချစ်တယ်ဆိုတာကို သိဖို့ သင့်ရဲ့စိတ်ခံစားချက်တွေကို သင့်ချစ်သူသိနေနိုင်ဖို့ နေ့စဉ်မက်ဆေ့တစ်စောင်တော့ပို့သင့်ပါတယ်။ မနက်အိပ်ယာထဖြစ်ပါစေ အိပ်ရာဝင်ခါနီးဖြစ်ပါစေ မက်ဆေ့တစ်စောင့်ကသင့်အတွက် အရေးပါတဲ့အချစ်ခွန်အားဖြစ်နေနိုင်ပါတယ်။ ပါးစပ်ကပြောရင်လေမှာလွှင့်တက်ပင်မဲ့ မက်ဆေ့ပို့ထားခြင်းက ပိုပြီး Romantic ဆန်ပါတယ်။
 
-အရမ်းမဆိုးပါနဲ့
          အရမ်းဆိုးတဲ့ချစ်သူတွေကို မိန်းကလေးတွေက ခင်တွယ်စိတ်၊ဂရုဏာစိတ်နဲ့ပိုချစ်တက်ကြပင်မဲ့ အချိန်ကြာလာရင်တော့ ချဉ်ဖက်ဖြစ်သွားနိုင်ပါတယ်။ အရမ်းကောင်းတဲ့ယောင်္ကျားလေးတွေအပေါ်လည်း မိန်းကလေးတွေကဆိုးလို့ရတိုင်းဆိုးနေမယ် အနိုင်ကျင့် ငူဆူစိတ်ကောက်နေမယ်ဆိုရင် အချိန်ကြာလာတာနဲ့သင်တစ်ယောက်တည်းအထီးကျန်ဖြစ်သွားနိုင်ပါတယ်။  ဘယ်အရာမဆိုသူ့ဘက်ကိုယ့်ဘက်ကြည့်သင့်ပါတယ်။ ကိုယ်ဆိုးသလိုသူဆိုးလာခဲ့ရင်ခွင့်လွှတ်နိုင်လားဆိုတဲ့မေးခွန်းက သင့်တို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းအတွက်အရေးပါလှပါတယ်။
 
-အချိန်ပေးပါ
          အလုပ်တွေအရမ်းများလို့ ချစ်သူဆီဖုန်းမဆက်နိုင်ဘူးဆိုရင်တောင် မက်ဆေ့ဖြစ်ဖြစ် ၊ Chat boxကဖြစ်ဖြစ် ပြောပြလို့ရပါတယ်။ လုံးဝပြစ်ထားပြီးအဆက်အသွယ်မလုပ်တာကတော့ သင့်ရဲ့စိတ်ထဲသူအရေးမပါကြောင်းပြောနေတာနဲ့ထပ်တူကြလှပါတယ်။ အမှန်တကယ်အလုပ်များနေခြင်းအတွက် ချစ်သူတစ်ယောက်ကနားလည်ပေးနိုင်သော်လည်း အချိန်ကြာလာတဲ့အခါ သွေးအေးတဲ့အဖြစ်ကိုရောက်ရှိသွားနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူအတွက်အချိန်ဆိုတာသင့်မှာသီးသန့်ရှိနေရပါမယ်။
 
-ခံစားချက်ကိုနားစဉ်ပါ
          သင့်နှလုံးသားကထွက်ပေါ်လာတဲ့ သင့်ခံစားချက်တွေကိုနေ့စဉ်နားစင်ဖို့လိုပါတယ်။ ကိုယ့်စိတ်ကိုကိုယ်သာလျှင်အသိဆုံးမို့ သူနဲ့ပတ်သက်လို့ဘာတွေအလိုမကျတယ် ၊ဘာတွေဖြစ်စေချင်တယ် ၊ဘယ်လိုခံစားနေရတယ်စသဖြင့် သိနေဖို့လိုပါတယ်။ လိုအပ်လာရင်လည်း သင့်ခံစားချက်ကို သင့်ချစ်သူသိအောင်တစ်နည်းမဟုတ်တစ်နည်းနဲ့ထုတ်ပြဖို့လိုပါတယ်။ နှစ်ဦးသားခံစားချက်တွေကို နားလည်ပေးနိုင်မှသာလျှင် ရေရှည်အချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်မှာဖြစ်ပါတယ်။
 
-အတူတူခရီးသွားပါ
          သင်ခရီးပေါင်းများစွာသွားခဲ့ဖူးပင်မဲ့ သင့်ချစ်သူပါတဲ့ခရီးစဉ်လောက်ပျော်ဖို့ကောင်းလိမ့်မှာမဟုတ်ပါဘူး။ ခရီးအတူသွားတဲ့အခါ နှစ်ဦးကြား နားလည်မှုတွေပိုရှိ ၊ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပြီး ရှေ့ဆက်သင့်လား လမ်းခွဲသင့်လား ၊ ညှိနှိုင်းသင့်လား ထင်သာမြင်သာရှိလာနိုင်ပါတယ်။ ဒါပုံသေနည်းတစ်ခုမဟုတ်ပင်မဲ့ သင့်ချစ်သူနဲ့ခရီးသွားတဲ့အခါ သင့်ဘက်ကသူ့ကိုပိုပြီး ဂရုစိုက်ရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့။
 
 
-ချစ်သူဘက်က ရပ်တည်ပါ
          လူတွေဟာ အမှားတွေနဲ့အသက်ရှင်တယ်ဆိုသလိုပဲ သင့်ချစ်သူမှာလည်းအမှားမကင်းနိုင်ပါဘူး။ထို့အတူ သင့်ကိုယ်တိုင်လည်း အမှားမကင်းနိုင်ပါဘူး။ အမှားတွေအတွက်သင်ခန်းစားယူတက်အောင် သင့်ဘက်ကဖြောင်းဖြပြောဆိုဖို့လိုပါတယ်။ အမှားလုပ်တိုင်းတာလမ်းခွဲကြေးဆို ဒီတစ်သက်တစ်ယောက်တည်းနေတာပိုအဆင်ပြေပါလိမ့်မယ်။ဘယ်လိုပဲဖြစ်နေပါစေ သင့်ချစ်သူဘက်ကမားမားမတ်မတ်ရပ်ပြီး သူ့အမှားအတွက်ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံယူထားလိုက်ပါ။
 
-အမှတ်တရနေ့တွေ ဖန်တီးပေးပါ
          အမှတ်တရနေ့လေးတွေက ပြတ်ခါနီးချစ်သူနှစ်ယောက်အတွက်တောင် ပြန်အဆင်ပြေသွားနိုင်စေတဲ့အချစ်ရဲ့သင်္ကေတတွေပါ။ လစဉ်တိုင်းမှာသင့်တို့ရဲ့အမှတ်တရနေ့လေးရှိနေမယ်ဆို ထိုနေ့ရောက်တိုင်း တန်ဖိုးမကြီးတဲ့လက်ဆောင်တစ်ခုသင်ပြင်ဆင်ထားသင့်ပါတယ်။ အချစ်ရဲ့ထူးခြားချက်က တန်ဖိုးနည်းတဲ့လက်ဆောင်ကိုတောင် တန်ဖိုးကြီးမားလာအောင် ဖန်းစားနိုင်တယ်။ဒီတော့ အမှတ်တရနေ့တွေဖန်တီးပါ။ ဖြစ်နိုင်ရင် ချစ်သူ့ကို သင်ကိုယ်တိုင်ပြင်ဆင်ထားတဲ့လက်ဆောင်တစ်ခုသာပေးလိုက်ပါ။ အချစ်ဆိုတာ ချစ်နေယုံနဲ့မပြီးပဲ အမြဲတမ်းUpgrade လုပ်နေဖို့လိုအပ်တယ်ပါတယ်။ ချစ်ရည်ရွှန်းတဲ့နေ့ရက်များကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။

လင်းမိုးစက်

                 နေပြည်တော်သားလေး(နည်းပညာ)

                 http://npttharrlayblog.blogspot.com
                      

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.