Sunday, February 28, 2016

တခြားသူကို မလှောင်ပြောင်မကဲ့ရဲ့ပါနဲ့။ တစ်နေ့သင်လည်းအရယ်ခံရမယ်

ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက် အပြေးမမြန်ဘူး။
ဒါပေမယ့် ရေထဲမှာတော့ ယုန်ထက် အကူးမြန်ပါတယ်။

ကိုယ့်ကိုယ်ကို နေရာအထားမမှားပါနဲ့။

ကျီးကန်းက သိမ်းငှက်ကိုအတုခိုးပြီး သိုးသွားဖမ်းတယ်။
ကိုယ့်လက်သည်းတွေ သိုးအမွေးမှာငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားရဲ့လက်ချက်နဲ့ သေပွဲဝင်ရတယ်။

ငှက်တိုင်းက သိမ်းငှက်မဖြစ်နိုင်ဘူး။ ကိုယ့်ကိုကိုယ်သိမှ လှလှပပရှင်သန်နိုင်တယ်။

မြင်းက ကုလားအုတ်ကိုတွေ့တော့ ကုလားအုတ်ရဲ့နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ဆိုပြီး လှောင်ရယ်တယ်။ ကုလားအုတ်က မြင်းကို ဘာမှပြန်မပြောဘူး။ သဲကန္တာရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တာရကိုဖြတ်ကျော်နိုင်တယ်၊ မြင်းက သေသွားတယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်ကရယ်တယ်။

တခြားသူရဲ့အပြင်ပန်းသဏ္ဍာန်ကို မလှောင်ပြောင် မကဲ့ရဲ့ပါနဲ့။ တစ်နေ့ သင်လည်း အရယ်ခံရတတ်တယ်။

နွေရာသီမှာပူပြင်းလွန်းတော့ မြင်းကျားက မြစ်ဘေးမှာရေသွားသောက်တယ်။ ရေမြင်းရေထဲစိမ်နေတာတွေ့တော့ သူတောင်ရေကစားနိုင်သေးတာပဲ ငါလည်းကစားနိုင်တယ်ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။ သိပ်မကြာပါဘူး.. မိကျောင်းစားတာကို သူခံလိုက်ရတယ်။

မတူရင် မတုနဲ့... အရှုံးကို သင်ခံနိုင်မှာမဟုတ်လို့ပါ။

လေထဲမှာ သိမ်းငှက်လွတ်လွတ်လပ်လပ် ပျံသန်းနေတာကိုတွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။ ငါလည်း သူ့လို လုပ်နိုင်တယ်ဆိုပြီး အမြင့်ပေါ်တက်ခုန်ချတယ်။ အတောင်ပံနှစ်ချက်မခပ်ရခင် အောက်ကျပြီး သေတယ်။

ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင်မှာတော့ ကိုယ်မသိတဲ့အရာ၊ နယ်ပယ်ကို မျက်ကန်းတောတိုး မစမ်းပါနဲ့။

Credit: နိုင်းနိုင်စနေ

Unknown

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

0 comments:

Post a Comment

 
biz.