ထုတ်မပြောပေမဲ့လည်း အကုန်လုံးက မျှော်လင့်နေကြပါတယ်။ မိန်းကလေးတွေဆိုတာ သဘာဝအရ ရှက်ရွံ့တတ်ကြပြီး စိတ်လှုပ်ရှားခံစားလွယ်သူတွေပါ။ ချစ်ရသူ ရှိလာရင်လည်း ချစ်သူကြောင့်ပဲ ပျော်ရ၊ ဝမ်းနည်းရနဲ့ ထုတ်မပြောဖြစ်တဲ့ ခံစားချက်ပေါင်းများစွာလည်း ရှိလေရဲ့။ ကိုယ့်ချစ်သူထံက မျှော်လင့်တောင့်တတဲ့အရာတွေ ရှိနေပါလျက် အချို့မိန်းကလေးတွေကတော့ ပြောမထွက်ကြပါဘူး။ ဒါပေမဲ့ မိန်းကလေးတိုင်းတော့ မျှော်လင့်ကြတာပါပဲ။ ၁။ လက်ဆောင် ဒါကတော့ မိန်းကလေးသဘာဝပါပဲ။ တန်ဖိုးကြီးမှရယ် မဟုတ်ပါဘူး။ ပန်းလေးတစ်ပွင့်ဖြစ်ဖြစ် ကလစ်လေးတစ်ခုခုဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကပေးတဲ့လက်ဆောင်ဆိုတာနဲ့ပဲ ပျော်ရွှင်နေတတ်ကြတာမျိုးလေ။ ၂။ အမှတ်တရနေ့စွဲတွေ သူမရဲ့ မွေးနေ့ အပါအဝင် အမှတ်တရနေ့စွဲတွေကိုလည်း မှတ်မိနေစေချင်ပါတယ်။ ချစ်သူစဖြစ်တဲ့နေ့ကိုတော့ လုံးဝမမေ့ပါနဲ့။ ၃။ နှစ်သိမ့်အားပေးမှု ချစ်သူတွေပါ။ ရန်သူတွေလည်း မဟုတ်သလို သူစိမ်းတွေလည်း မဟုတ်ပါဘူး။
Wednesday, March 2, 2016
မိန်းကလေးတိုင်း ချစ်သူထံမှ မျှော်လင့်တဲ့အရာ (၅) ခု

မင်းအတွက်ချစ်တဲ့ အချစ်
် အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းတော့မဟုတ်တာသေချာတယ် ဒါဆိုရင် စွန့်လွှတ်ခြင်းများလား ကျွန်တော်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ်လို့ ထင်ပါတယ် .... တဲ့ စိုင်းစိုင်းက သီချင်းလုပ်ရေးထားတယ် .... စိုင်းစိုင်းပြောတဲ့ချစ်နေဖို့လိုတယ်ဆိုရာမှာ ကိုယ်ထပ်ဖြည့်ချင်သေးတယ်ချစ်သူရေ မင်းလိုအပ်နေသ၍ ကိုယ်ဆက်ချစ်နေပြီး ကိုယ့်အချစ်တွေအကုန်မင်းဆီပေးထားလိုက်မှာ .. ဒီအချစ်တွေ မင်းမလိုချင်တော့တဲ့တစ်နေ့ ပွင့်လင်းစွာဖွင့်ဟပြလိုက်ပါ မင်းအတွက်ပူလောင်စေမယ့် ငါ့အချစ်တွေ ကိုယ်တိုင်အကုန်ပြန်သိမ်းပြီး မင်းမမြင်နိုင်မယ့် ငါ့နှလုံးသားတစ်ထောင့်တစ်နေရာမှာ လုံခြုံအောင်ထုပ်သိမ်းထားပေးပါမယ် ... နောင်တစ်ချိန်မင်းပြန်လိုလာမယ့် တစ်နေ့အထိပေါ့ ... တသက်လုံးအတွက် .. ငါ့အချစ်တွေမင်းမလိုတော့ရင်တော့ အဲ့ဒီထုပ်သိမ်းထားတဲ့ အချစ်ထုပ်လေးကို ငါသေသည်အထိ ငါ့နှလုံးသားမှာပဲ ထားလိုက်တော့မယ် ......
Tuesday, March 1, 2016
ကောင်မလေးတွေ မကြိုက်တဲ့ ပုံစံ ၆မျိုး
(၁)ဆံပင်အလှဆင်အသုံးအဆောင်တွေကို ချစ်သူကောင်မလေးထက် ပိုသုံးခြင်းက ကောင်မလေးကို စိတ်ပျက်စေနိုင်ပါတယ်။ မိန်းကလေးအများစုက သူတို့ ရဲ့ ချစ်သူဆံပင်ကို ပွတ်သပ်ပေးရာမှာ လက်ကိုမထိခိုက် မညစ်ပတ်စေလိုပါဘူး။ ဒီတော့ ဆံပင်လိမ်းအဆီ၊ ဝက်စ်၊ Hair Spray တွေကိုလိုတာထက်လျှော့သုံးပါ။ (၂)မုတ်ဆိတ်မွေးထားတာလည်း ကြည့်ကောင်းပါတယ်။ ဒါပေမယ့် မုတ်ဆိတ်မွေးကို ဆံပင်ထက်ရှည် အောင်ထားဖို့ မလိုပါဘူး။ (၃) ဆံပင် ပုံစံဖိုသီဖတ်သီနဲ့  ခေါင်းမလျှော်ရသေးတဲ့ပုံစံမျိုးက ကောင်မလေးတွေ တော်တော်များများကို ဆွဲဆောင်စေနိုင်ပါတယ်။ ဒါပေမယ့် တကယ်ခေါင်းမလျှော်ထားရင်တော့ ဘယ်ကောင်မလေးကမှ အနားကပ်ချင်မှာမဟုတ်ပါဘူး။ (၄)ကြောင်ကြောင်ကျားကျားနဲ့  ဆံပင် ပြောင်ဆင်းနေတဲ့ပုံစံမျိုးမထားပါနဲ့ ။ မင်းက အိမ်ရှင်မမှမဟုတ်ပဲ။ (၅)ထိပ်ပြောင်နေလို့ အရွဲ့ တိုက်ပြီးဆံပင်အရှည်ထားတာမိန်းကလေးတွေ အမြင်မှာရွံဖို
Subscribe to:
Posts (Atom)